ကိုယ်တော်တည်ဆောက်တော်မမူလျှင်
ဘုရားကျောင်းတော်သို့ တက်ရာခရီးသီချင်း။ ရှောလမုန်စပ်ဆိုသော သီချင်း။
မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေခြင်းကို ရှောလမုန် သတိပေးခြင်း ဖြစ်သည်။ အိမ်ဆောက်သူ၊ ကင်းစောင့်သူနှင့် စိုးရိမ်ပူပန်လျက် စောစောထသူတို့သည် ငါတို့၏ခမည်းတော်မပါလျှင် အချည်းနှီး လုပ်ကြ၏။ ကိုယ်တော်သည် ချစ်တော်မူသူတို့အား အိပ်ပျော်ခြင်းကို ပေးတော်မူ၏။ သားသမီးတို့ကို ကြိုးစား၍ ရရှိသော အောင်မြင်မှုအဖြစ် မဟုတ်ဘဲ လက်ထဲ အပ်နှင်းပေးသော ဆုကျေးဇူးအဖြစ် ဖော်ပြ၏။
127 1ငါတို့၏ခမည်းတော်သည် အိမ်ကိုတည်ဆောက်တော်မမူလျှင် တည်ဆောက်သူတို့သည် အချည်းနှီးကြိုးစားကြ၏။ ငါတို့၏ခမည်းတော်သည် မြို့ကိုစောင့်ရှောက်တော်မမူလျှင် ကင်းစောင့်သည် အချည်းနှီးနိုးနေ၏။ 2သင်တို့သည် စောစောထ၍ ည၌နောက်ကျမှအိပ်ကြကာ စိုးရိမ်ပူပန်လျက် ပင်ပန်းစွာလုပ်ကိုင်၍ ရသောအစာကိုစားခြင်းသည် အချည်းနှီးသာတည်း။ အကြောင်းမူကား ကိုယ်တော်သည် ချစ်တော်မူသောသူအား အိပ်စက်ခြင်းကိုပေးသနားတော်မူ၏။
3သားသမီးတို့သည် ငါတို့၏ခမည်းတော်ထံတော်မှ အမွေအနှစ်ဖြစ်၍ ဝမ်းမှဖွားသောရင်သွေးသည် ဆုလာဘ်ဖြစ်၏။ 4အသက်ပျိုရွယ်စဉ်ဖွားသော သားသမီးတို့သည် စစ်သူရဲ၏လက်ထဲရှိ မြားများနှင့်တူကြ၏။ 5မိမိမြားတောင့်ကို ထိုသားတို့ဖြင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ ထိုသူသည် မြို့တံခါးဝ၌ ရန်သူတို့နှင့်ပြောဆိုသောအခါ အရှက်မကွဲရ။ a a v5 မြို့တံခါးဝသည် တရားရေးရာ အမှုအခင်းများနှင့် ရပ်ရွာအရေးကိစ္စများကို ဖြေရှင်းရာ လူထုစုဝေးသောနေရာဖြစ်၏။ သားများစွာရှိခြင်းသည် ထိုနေရာ၌ မိမိဘက်၌ ခိုင်မာသောထောက်ခံသူများရှိခြင်းကို ဆိုလို၏။