ဆိုးယုတ်သောအုပ်ချုပ်သူများ
ဂီတမှူးအတွက်။ “မဖျက်ဆီးနှင့်” ဟူသောသီချင်းသံဖြင့်သီဆိုရန်။ ဒါဝိဒ်၏ဆာလံ။ ရွှေဆာလံတစ်ပုဒ်။
တရားခွင်ပေါ်မှ အကြမ်းဖက်မှုကို ဝေငှသော တရားသူကြီးတို့ကို စွပ်စွဲချက်။ သူတို့ကို အဆိပ်ရှိသူ၊ မှော်ဆရာ၏ တေးသံကို နားမထောင်သော မြွေဟောက်ကဲ့သို့ နားပင်းသူဟု ခေါ်ဆို၏။ ငါတို့၏ ခမည်းတော်သည် မြေကြီးကို တရားစီရင်တော်မူသည်ဟု လူတို့ ရှင်းရှင်းလင်းလင်း ပြောနိုင်ရန် သူတို့၏ အစွယ်တို့ကို ချိုးပေးပါရန် ဆုတောင်း၏။
58 1အုပ်ချုပ်သူတို့၊ သင်တို့သည်အမှန်ပင်တရားသောအမှုကိုစီရင်ဆုံးဖြတ်ကြသလော။ လူသားတို့ကိုမျှတစွာတရားစီရင်ကြသလော။ a a v1 “မဖျက်ဆီးနှင့်” ဆိုသည်မှာ ဤဆာလံကိုသီဆိုရာ၌အသုံးပြုသောသီချင်းသံ၏အမည်ဖြစ်သည်။ 2မဟုတ်ပါ၊ သင်တို့သည်စိတ်နှလုံးထဲ၌မတရားမှုတို့ကိုကြံစည်ကြ၍ သင်တို့၏လက်များသည်တစ်ပြည်လုံးတွင်အကြမ်းဖက်မှုကိုကျူးလွန်ကြ၏။ 3ဆိုးယုတ်သောသူတို့သည်အမိဝမ်းတွင်းမှစ၍ဖောက်ပြန်ကြ၏။ မွေးဖွားချိန်မှစ၍လမ်းလွဲကြ၍ မုသားစကားကိုပြောဆိုကြ၏။ 4သူတို့၏အဆိပ်သည်မြွေ၏အဆိပ်နှင့်တူ၍ မိမိနားကိုပိတ်ထားသောနားပင်းသည့်မြွေဟောက်နှင့်တူ၏။ 5ထိုမြွေဟောက်သည်မြွေဆရာတို့၏အသံကိုသော်လည်းကောင်း၊ လိမ္မာပါးနပ်သောအင်းဆရာ၏အသံကိုသော်လည်းကောင်းမကြားစေခြင်းငှာတည်း။ 6အို အဖခမည်းတော်၊ သူတို့၏ခံတွင်းရှိသွားများကိုချိုးဖျက်တော်မူပါ။ အို အဖခမည်းတော်၊ ခြင်္သေ့ပျိုတို့၏အစွယ်များကိုနုတ်ပယ်တော်မူပါ။ 7သူတို့သည်စီးဆင်းလွင့်ပါးသွားသောရေကဲ့သို့ကွယ်ပျောက်ကြပါစေ။ ငါတို့၏ခမည်းတော်သည်မိမိ၏မြားတော်တို့ကိုချိန်ရွယ်တော်မူသောအခါ ထိုသူတို့သည်ဖြတ်တောက်ခြင်းကိုခံကြပါစေ။ 8သွားလာစဉ်အရည်ပျော်သွားသောခရုကဲ့သို့လည်းကောင်း၊ နေ၏အလင်းကိုအလျှင်းမမြင်ရသောသေမွေးကလေးကဲ့သို့လည်းကောင်းဖြစ်ကြပါစေ။ 9သင်တို့၏အိုးများသည်ဆူးပင်မီး၏အပူကိုမခံစားမီ၊ စိမ်းသည်ဖြစ်စေ၊ မီးတောက်နေသည်ဖြစ်စေ၊ ကိုယ်တော်သည်သူတို့ကိုတိုက်မှုတ်ပယ်ရှင်းတော်မူလိမ့်မည်။ 10ဖြောင့်မတ်သောသူတို့သည်တရားစီရင်ခြင်းကိုမြင်ရသောအခါဝမ်းမြောက်ကြ၍ မိမိတို့၏ခြေတို့ကို ဆိုးယုတ်သောသူတို့၏အသွေး၌ဆေးကြောကြလိမ့်မည်။ 11ထိုအခါလူတို့က “အကယ်စင်စစ်ဖြောင့်မတ်သောသူတို့အတွက်အကျိုးဆုလာဘ်ရှိ၏။ အကယ်စင်စစ်ငါတို့၏ခမည်းတော်သည်မြေကြီးကိုတရားစီရင်တော်မူ၏” ဟုဆိုကြလိမ့်မည်။